Professional Web Developer Third Edition
Minimum order quantity : 1
Short Description
- Web Standards, HTML 5, Ajax, PHP, jQuery နှင့် Web Developer တစ်ယောက် သိသင့်သမျှ အချက်များအားလုံးကို ထည့်သွင်းရေးသားပေးထားပါသည်။
- Web Developer တိုင်း သိရှိနားလည်သင့်သည့် နယ်ပယ်အားလုံးနီးပါးကို အခြေခံမှစ၍ ရိုးရိုးရှင်းရှင်း အသေးစိတ်ဖော်ပြထားသဖြင့် Web Development ကို လေ့လာသူတိုင်းဖတ်သင့်သော ရှားရှားပါးပါး မြန်မာဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
PDF Version ဖြင့်ဖတ်ရှု့လိုသူများအတွက် ဆရာအိမောင်မှ အခမဲ့ဒေါင်းလုဒ်ရယူခွင့်ပြုထားပါသည်။
Download Link ~> http://eimaung.com/professional-web-developer/
Writer Name | U Ei Maung (Fairway Web) |
---|---|
Publish Date | February 2016 , Third Edition |
Total Pages | 547 |
Publisher | U Tun Khaing (MCPA Professional Series ) |
Dimensions | 19 x 16 cm |
Description
Professional Web Developer second edition ကို ဖြည့်စွက်စာမျက်နှာများ ထပ်မံဖြည့်စွက်ရေးသားထားပြီး အခန်း(၁)ခန်းထပ်မံဖြည့်သွင်းပေးထားပါသည်။
ဤစာအုပ်သည် Web Development နှင့် ပတ်သက်သည့် နည်းပညာများကို အလေးပေးဖော်ပြသည့်အတွက် Programming အခြေခံများကို ပြည့်စုံအောင် ထည့်သွင်းမဖော်ပြနိုင်ပါ။ စာဖတ်သူက Programming အခြေခံသဘောတရားများ သိရှိထားပြီးဖြစ်ရန် လိုအပ်ပါသည်။ ကျွမ်းကျင် programmer တစ်ဦးဖြစ်ရန် မလိုအပ်သော်လည်း ထိရောက်စွာ လေ့လာအသုံးချနိုင်မည်ဖြစ်ပါသည်။
ဤစာအုပ်အား programming အခြေခံရှိပြီး web development ကို လေ့လာလိုသူများ ဖတ်ရှုသင့်ပါသည်။ Web နှင့် ပတ်သက်သည့် နည်းပညာများကို အခြေခံမှစ၍ လက်တွေ့ကျကျစုံစုံလင်လင် ဖော်ပြထားသည့်အတွက် သိရှိသင့်သည့် နည်းပညာများကို တစ်နေရာတည်းတွင် စုစည်းသိရှိရစေနိုင်မည် ဖြစ်ပါသည်။
ဤစာအုပ်အား လက်တွေ့လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် Junior Web Development များ ဖတ်ရှုသင့်ပါသည်။ တာဝန်ကျရာနည်းပညာများကို အသားပေးလေ့လာနေရသည့်အတွက် မလေ့လာဖြစ်သေးပဲ ကျန်ရှိနေသည့် နည်းပညာများကို တစ်စုတစ်စည်းတည်း ဖြည့်စွက်သိရှိရစေနိုင်မည်ဖြစ်ပါသည်။
ဤစာအုပ်အား အတွေ့အကြုံရှိ Senior Web Development များလည်း ဖတ်ရှုသင့်ပါသည်။ မိမိသိရှိကျွမ်းကျင်ထားပုံ နှင့် မတူကွဲပြားသည့် ရှုထောင့်သစ်မှ အမြင်သစ်များ ဖြည့်စွက်ရရှိနိုင်ပါသည်။
ဤစာအုပ်အား Web Developer မဟုတ်သည့် desktop, Mobile, Game, Database စသည့် အခြား Software များ ရေးသားဖန်တီးနေသူ Developer များလည်း ဖတ်ရှုသင့်ပါသည်။ Software Development အခြေခံချင်းတူသော်လည်း နည်းပညာအခြေခံမတူသည့်အတွက် Web ဆိုသည်မှာ သီးခြားအချိန်ပေးလေ့လာရမည့် အရာတစ်ခုသဖွယ် ဖြစ်နေနိုင်ပါသည်။ ဤစာအုပ်က အချိန်အများကြီးပေးစရာမလိုပဲ web နည်းပညာများကို တစ်နေရာတည်း ခြုံငုံသိရှိသွားအောင် ကူညီပေးနိုင်မည်ဖြစ်ပါသည်။
ဤစာအုပ်အား Team Leader များ၊ CIO/CTOများ၊ Software Development နှင့် ပတ်သက်သည့် လုပ်ငန်းတစ်ခုခုကို ဦးဆောင်နေရသူများ ဖတ်ရှုသင့်ပါသည်။ Web နည်းပညာများ၏ ဆက်စပ်ပုံနှင့် ဖြစ်စဉ်ရည်ရွယ်ချက်များကို သိရှိရနိုင်မည်ဖြစ်သဖြင့် Project Plan များ ရေးဆွဲရာတွင်လည်းကောင်း၊ နည်းပညာရွေးချယ်ခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင်လည််းကောင်း ၊ Developer များကို လမ်းညွှန်ရာတွင်လည််းကောင်း အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။
There is no feedback
Login to give feedback.To :
- {{ med.name }} - {{ med.price }} Ks